■ မန်ယူနိုက်တက်ကွင်းလယ်လူ ဘာလယ်ဘာ ရက်သတ္တပတ်အနည်းငယ် အနားယူရဦးမယ်လို့
ကာရစ် ပြောကြား

မန်ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ဘရိုက်တန်ကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဘာလယ်ဘာဟာ ရက်သတ္တပတ်အနည်းငယ် အနားယူရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာလယ်ဘာဟာ ခြေချင်းဝတ်ဒဏ်ရာ ရရှိထားပြီး ဘရိုက်တန်အသင်းနဲ့ ရာသီကြိုကာလကိုလည်း လွဲချော်ခဲ့ရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဘာလယ်ဘာကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ အသုံးပြုပြီး ခေါ်ယူခဲ့တာဖြစ်တယ်။

ကာရစ်ရဲ့ပြောစကားအရ ဘာလယ်ဘာဟာ မန်ယူနိုက်တက်နဲ့အတူ စက်တင်ဘာနိုင်ငံတကာရက်သတ္တပတ်ပြီးမှ ပွဲထွက်နိုင်ပါလိမ့်မယ်။

''သူဟာ ခြေချင်းဝတ်ပြဿနာ အနည်းငယ်ရှိပါတယ်။ ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် သုံးပတ်လောက် ဆက်အနားယူရမယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမယ်။ သူ့ရဲ့ဒဏ်ရာကို အစောကတည်းက ကျွန်တော်တို့ သိခဲ့ပါတယ်။
ကြီးကြီးမားမားတော့ မဟုတ်ပါဘူး''လို့ ကာရစ်က ပြောခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းမှာ အာမက်ဒီယာလိုလည်း ဒဏ်ရာပြဿနာ ရှိနေပြီး အစ်ဝစ်ချ်နဲ့ပွဲကို လွဲချော်ပါလိမ့်မယ်။

Photos: Man Utd

image