အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမကစားသမား ၃၃ ဦးဖြင့် စတင်လေ့ကျင့်

အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ပဏာမကစားသမား ၃၃ ဦး လူစုံပါဝင်သည့် ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို စတင်ပြုလုပ်နေပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆက်လက်လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ စခန်းဝင်လေ့ကျင့်မှုများတွင် နည်းပြချုပ် ကောလင်းဘဲလ်၏ လက်ထောက်နည်းပြအဖြစ် ကိုရီးယားလူမျိုးနည်းပြတစ်ဦး ပူးတွဲဆောင်ရွက်နေကြောင်း သိရသည်။

image