၂၀၂၆ ခုနှစ် တိုင်းနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ မွန်ပြည်နယ်အသင်းက ပထမရွှေတံဆိပ်ဆု ဆွတ်ခူး
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အမျိုးသားနှင့် အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများတွင် မွန်ပြည်နယ်အသင်းက ပထမရွှေတံဆိပ်ဆုနှစ်ခုစလုံးကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ယင်းပြိုင်ပွဲကို နေပြည် တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အား
ကစားရုံ(A)၌ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းမှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အမျိုးသား (၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မွန်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။
အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင်လည်း မွန်ပြည်နယ်အသင်းက ဗိုလ်လုပွဲ၌ မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် အနိုင်ယူကာ ရွှေတံ ဆိပ်ဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။