၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်

၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန် မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးခဲ့သည်။
လျှောက်လွှာတစ်စောင်လျှင် (၅၀ဝ)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက်(၂,၀၀ဝ)ကျပ်တန်ဖိုးရှိ ပညာရေးဝန် ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်ရောင်းချပေးသွားမည်ဖြစ်ကာ လျှောက်လွှာတင်သွင်းရာ၌ ဖြေဆိုမည့်ဘာသာတွဲအ လိုက် အစိမ်းရောင်၊ ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထား သည်။
လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန် (ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင်ဝယ်ယူနိုင်သည်။
ထို့ပြင် ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး(၂,၀၀ဝ)ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်းတင်သွင်းရမည်ဖြစ်သည်။
အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ တွဲဖက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး(၂,၀ဝဝ) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍စုပေါင်းပြီး မြို့ နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း သတ်မှတ်ရက်အမီတင်သွင်းရမည်ဖြစ်သည်။
သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိမည်မဟုတ်ဘဲ စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်၍ မိမိဖြေဆိုမည့်ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ရမည်ဖြစ်သည်။

image