Myanmar League 1 ဝင်ရောက်ယှဥ်ပြိုင်မယ့် Chinland FC အသင်းရဲ့ ကစားသမားတစ်ဦး ပျောက်ဆုံးနေပြီး ငါးရက်ခန့် အဆက်အသွယ်မရဖြစ်နေ
Myanmar League 1 ဝင်ရောက်ယှဥ်ပြိုင်မယ့် Chinland FC အသင်းရဲ့ ကစားသမားတစ်ဦး ပျောက်ဆုံးနေပြီး အဆက်အသွယ်မရဖြစ်နေသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်ကြောင်း အသင်းက ထုတ်ပြန်ထားပါတယ်။
ကစားသမား ပျောက်ဆုံးမှုနဲ့ပတ်သတ်ပြီး Chinland FC တာဝန်ရှိသူတစ်ဦးက "လက်ရှိအချိန်ထိ ရှာဖွေနေဆဲပါ။မနက်ဖြန်ကျ ပွဲကပြန်စပါပြီ"လို့ Eleven Media ကို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင် ကစားနေသူ၊ မတူပီမြို့နယ်သား အသက် (၂၂) နှစ်အရွယ် Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ပျောက်ဆုံးနေပါသည်။ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈ လမ်းဆုံတွင် ဆင်းခဲ့ပြီး Taxi ဖြင့် အဆောင်သို့ ပြန်ရန်လုပ်နေသည့်အချိန်အထိ အဆက်အသွယ် ရရှိခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးနေပါသည်။"လို့ Chinland FC အသင်းရဲ့ Facebook Page မှာ ထုတ်ပြန်ထားပါတယ်။
အသက် (၂၂) နှစ်အရွယ် Pa Lung ကို အသင်းက အစွမ်းကုန်ရှာဖွေလျှက်ရှိပြီး MFF၊ MNL တာဝန်ရှိလူကြီးတွေနဲ့အတူ လိုအပ်တဲ့ အရာအားလုံးကို လုပ်ဆောင်နေပေမဲ့ လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း သိရပါတယ်။