FX Trading တွင် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက နိုင်ငံခြားငွေဝယ်ယူမှု အများဆုံးဖြစ်
ဩဂုတ် ၂၆ ရက်နေ့၏ FX Online Trading Platform တွင် ကဏ္ဍအလိုက် နိုင်ငံခြားငွေဝယ်ယူမှုတွင် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။
ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၃,၆၅၈ ကျပ်၊ တရုတ်ယွမ် ၁ ယွမ်လျှင် ၅၅၇ ကျပ်၊ ထိုင်းဘတ် ၁ ဘတ်လျှင် ၁၂၅ ဒသမ ၃၀ ကျပ်နှင့် အိန္ဒိယရူပီး ၁ ရူပီးလျှင် ၄၃ ဒသမ ၆၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဏ္ဍအလိုက် နိုင်ငံခြားငွေဝယ်ယူမှုတွင် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ခဲ့ပြီး အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များမှ ၂၉ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။
ထို့အပြင် ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၉ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ အီလက်ထရောနစ်ပစ္စည်းကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ စက်သုံးဆီကဏ္ဍမှ ၂ ရာခိုင်နှုန်း၊ စားသုံးကုန်စည်ကဏ္ဍမှ ၁ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁ ရာခိုင်နှုန်းနှင့် တိရစ္ဆာန်အစာနှင့် ပစ္စည်းများကဏ္ဍမှ ၁ ရာခိုင်နှုန်း အသီးသီး နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။ထို့ပြင် CMP ကဏ္ဍမှ ဝင်ရောက်ငွေများကို CMP ကဏ္ဍသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
FX Online Trading တွင် ဖော်ပြထားသည့် အရောင်းအဝယ်နှုန်းထားများအရ နိုင်ငံခြားငွေဝယ်ယူမှုတွင် ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍ၏ ပါဝင်မှုမှာ အခြားကဏ္ဍများထက် သိသိသာသာ မြင့်မားနေကြောင်း သိရသည်။