ဗန်းမော်မှ ရန်ကုန်သို့ နေရပ်စွန့်ခွာလာသူများ ထောက်ပံ့ငွေ လျှောက်ထားနိုင်
ဗန်းမော်အသင်း (ရန်ကုန်) ၏ ထောက်ပံ့ငွေ တစ်ကြိမ်မျှ မရရှိသေးသည့် ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စတုတ္ထအသုတ်အဖြစ် ထောက်ပံ့ပေးနိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း ဩဂုတ် ၂၆ ရက်တွင် အသိပေး ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ကြေး တစ်ကြိမ်မျှ မရရှိသေးသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်အလက်များနှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
တတိယအကြိမ် ထောက်ပံ့မှုတွင် အမည်စာရင်းပါဝင်ခဲ့သော်လည်း ထောက်ပံ့ကြေး ရယူရန် ကျန်ရှိခဲ့သူများလည်း ပြန်လည်လျှောက်ထားနိုင်ပြီး အသေးစိတ် အချက်အလက်များကို ဗန်းမော်အသင်း (ရန်ကုန်) ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
လျှောက်လွှာများကို ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ် မီးပွိုင့်အနီး (Happy World ဝင်ပေါက်အနီးမှဝင်ရန်) ရှိ ကျောက်စိမ်းတွင်းဓမ္မာရုံ၌ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။