မိုးသည်းထန်စွာရွာပြီး ထောက်ကြန့်တွင် သစ်ပင်ပြိုလဲမှုကြောင့် ဂျိုးဖြူရေပိုက်လိုင်း ပျ-က်စီး
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ဒုစံပြရပ်ကွက်ရှိ ပြည်/မှော်ဘီ ဘတ်စ်ကားမှတ်တိုင်အနီး၌ ဩဂုတ် ၂၄ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ကြီးများ ပြိုလဲကျကာ ဂျိုးဖြူရေပိုက်လိုင်းနှင့် ခြံစည်းရိုးတစ်စိတ်တစ်ပိုင်း ပျ-က်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းည ၉ နာရီ ၃၈ မိနစ်ခန့်တွင် လုံးပတ် ၂၀ ပေ၊ အမြင့် ၁၀၀ ပေခန့်ရှိ ညောင်ပင်နှင့် လုံးပတ် ၂ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ ကျွန်းပင်တို့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုလဲပြီး ဂျိုးဖြူရေပိုက်လိုင်းပေါ်သို့ ပိမိကျရောက်ခဲ့ခြင်းဖြစ်သည်။
သစ်ပင်များပြိုလဲမှုကြောင့် ဂျိုးဖြူရေပိုက်လိုင်း ပေါက်ပြဲခဲ့သည့်အပြင် ခြံစည်းရိုး ၁၅ ပေခန့်လည်း ထိခိုက်ပျ-က်စီးခဲ့သည်။
ယနေ့ (ဩဂုတ် ၂၅ ရက်) နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ပျ-က်စီးသွားသည့် ရေပိုက်လိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းနှင့် လဲကျနေသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ S