တောင်ငူတွင် ဘုရားဆင်းတုတော် လက်တော်များ ဖြတ်တေ-ာက်ခိုးယူမှုနှင့် ဆက်နွှယ်၍ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးကို ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ဘိုဘွားရိပ်သာစေတီတော်မှ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များ ဖြတ်တေ-ာက်ခိုးယူခံရမှုနှင့် ဆက်နွှယ်၍ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးကို ပျေ-ာက်ဆုံးနေသည့် ကြေးလက်တော်များနှင့်အတူ ဩဂုတ် ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့်က တောင်ငူမြို့ အမှတ် (၁) ရဲစခန်းအနီးရှိ ဘိုဘွားရိပ်သာစေတီတော်မှ ကြေးဆင်းတုတော်များ၏ ဝဲဘက်လက်ကောက်ဝတ်အရင်းများ လွှဖြင့် ဖြတ်တေ-ာက်ခိုးယူခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့က ဆေးရုံနောက်ကျောဘက် ကျုံးပတ်လမ်း၌ မသင်္ကာဖွယ် လှည့်လည်နေသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအား စစ်ဆေးခဲ့ရာ ၎င်းယူဆောင်လာသည့် အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ ပျေ-ာက်ဆုံးနေသော ကြေးဆင်းတုတော် လက်တော်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကလေးအား တောင်ငူမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့်၍ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image