အီရန်ရဲ့ တို-က်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေ ဒေါ်လာ ဘီလီယံနဲ့ချီ ပျ-က်စီးဆုံးရှုံး

အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေးစခန်းတွေဟာ အီရန်ရဲ့ တို-က်ခိုက်မှုတွေကြောင့် ဒေါ်လာ ဘီလီယံနဲ့ချီ ပျ-က်စီးသွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး NBC News က ဖော်ပြထားပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒီဒေသတွင်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေး စခန်းတွေကို အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တို-က်ခိုက်ခဲ့တာကြောင့် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေ သမိုင်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ အဆိုးရွားဆုံး ပျ-က်စီးဆုံးရှုံးမှု ဖြစ်သွားခဲ့တာပါ။ ဒီပျ-က်စီးသွားတာတွေကို ပြန်ပြင်ဖို့အတွက် ဝါရှင်တန်အနေနဲ့ ဒေါ်လာ ဘီလီယံနဲ့ချီ ကုန်ကျမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒီတို-က်ခိုက်မှုတွေကြောင့် အမေရိကန် နိုင်ငံခြားရေးဌာန၊ ပန်တဂွန် စစ်ဌာနချုပ်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေဟာ ဒေသတွင်းမှာရှိတဲ့ သူတို့စခန်းတွေကို သေချာ ကာကွယ်ပေးနိုင်လောက်အောင် ပြင်ဆင်မှု ရှိရဲ့လားဆိုတာကိုပါ သံသယဖြစ်စရာဖြစ်လာတယ်လို့ အဲဒီ ရုပ်သံလိုင်းက ဖော်ပြထားပါတယ်။

image