ဘာစီလိုနာနောက်ခံလူ ဘယ်လ်ဒီကို မန်ယူနိုက်တက် စောင့်ကြည့်နေ

မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာနောက်ခံလူ ဘယ်လ်ဒီကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့ deadline မတိုင်ခင် ဘယ်လ်ဒီကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်း ကြိုးပမ်းဖွယ်ရှိနေပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဈေးကွက်ထဲမှာ ဘယ်နောက်ခံလူတစ်ဦး ရှာဖွေနေတာဖြစ်တယ်။
ဘယ်လ်ဒီ(၂၂ နှစ်)ဟာ အယ်လ်ချီကို ၅-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲ အသင်းလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။
ဘာစီလိုနာဘယ်နောက်ခံနေရာမှာ ကန်ဆယ်လို၊ အက်စပတ်တို့လည်း ကစားနိုင်လို့ ဘယ်လ်ဒီကို ရောင်းထုတ်ဖို့ များနေပါတယ်။
ဘာစီလိုနာအသင်းက ဘယ်လ်ဒီရဲ့ပြောင်းရွှေ့ကြေးအတွက် ယူရို သန်း ၃၀ နဲ့ ၄၀ အကြား သတ်မှတ်ထားပါတယ်။

image