မာတင်နယ်လီရဲ့အပြောင်းအရွှေ့အတွက် အာဆင်နယ်နဲ့ အယ်လ်ဟီလာအကြား ဆွေးနွေးနေ

ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီရဲ့အပြောင်းအရွှေ့အတွက် အာဆင်နယ်နဲ့ အယ်လ်ဟီလာအကြား ဆွေးနွေးနေပြီး တိုးတက်မှုများရှိနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းက မာတင်နယ်လီအား ရောင်းချမှုကနေ အနည်းဆုံး ပေါင် သန်း ၅၀ အထက် အလိုရှိနေတာပါ။
ဘရာဇီးလ်လက်ရွေးစင် မာတင်နယ်လီ(၂၅ နှစ်)ဟာ အခုနွေရာသီမှာ အသင်းက ထွက်ခွာခွင့်ပြုထားသူလည်းဖြစ်တယ်။
နောက်ဆုံး ၂၄ နာရီအတွင်း နှစ်သင်းအကြား ဆွေးနွေးမှုတွေဟာ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
မာတင်နယ်လီအနေနဲ့ ဆော်ဒီပရိုလိဂ် ကစားလိုခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူးလို့ သတင်းတွေက ဆိုပါတယ်။
အစောပိုင်းက တူရကီကလပ် ဂါလာတာစာရေးရဲ့ကမ်းလှမ်းမှုကိုတော့ မာတင်နယ်လီ ငြင်းဆန်ခဲ့ပါတယ်။
မာတင်နယ်လီဟာ ၂၀၁၉ ခုနှစ်က ဘရာဇီးလ်ကလပ် အီတူယာနိုကနေ ပြောင်းရွှေ့လာပြီး အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ပါတော့တယ်။
၎င်းဟာ အာဆင်နယ်အသင်းမှာ တစ်ပတ် ပေါင် ၁၈၀၀၀၀ ရရှိနေသူဖြစ်ပါတယ်။

image