ဘရာဇီးလ်တောင်ပံကစားသမား အယ်လန်
အဲလီးယက်စ်နဲ့ မန်စီးတီးအသင်း သဘောတူညီမှုရရှိ

မန်စီးတီးအသင်းဟာ ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်းက တောင်ပံကစားသမား အယ်လန်အဲလီးယက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ အယ်လန်(၂၂ နှစ်)အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။
အယ်လန်ရဲ့အပြောင်းအရွှေ့မှာ ကနဦး ယူရို ၃၇.၅ သန်း ပေးချေရမှာဖြစ်ပြီး Add-ons ကြေးကတော့ ယူရို ၂.၅ သန်း ရှိနိုင်ပါတယ်။
မန်စီးတီးအသင်းဟာ အသင်းက တိုက်စစ်ကစားသမားတချို့ ထွက်ခွာဖွယ်ရှိနေလို့ အယ်လန်နဲ့ ပြန်လည်အစားထိုးခဲ့တာဖြစ်တယ်။
ဆာဗင်ညို၊ မာမွတ်ရှ်တို့ နှစ်ဦးစလုံးဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် စပါးအသင်းထံ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ အယ်လန်နဲ့ မော်ရိုကိုကွင်းလယ်လူ ဘူအက်ဒီတို့နဲ့ အပြောင်းအရွှေ့တွေကို အခုတစ်ပတ်အတွင်း အဆုံးသတ်ဖို့ ဆန္ဒရှိနေတာာပါ။
မော်ရိုကိုလက်ရွေးစင်ရဲ့ပြောင်းရွှေ့ကြေးအတွက် မန်စီးတီးအသင်းနဲ့ လိုင်လီအသင်းအကြား ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူရို သန်း ၁၀၀ နဲ့ သဘောတူညီမှု ရခဲ့ပါတယ်။
ဘူအက်ဒီအနေနဲ့ မန်စီးတီးအသင်းမှာ ဆေးစစ်မှုခံယူဖို့ မန်ချက်စတာကို ရောက်ရှိနေပြီလို့ ESPN က ဖော်ပြခဲ့ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ အပြောင်းအရွှေ့ Deadline မတိုင်ခင် ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေက ခန့်မှန်းရေးသားနေကြပါတယ်။
မန်စီးတီးအသင်းမှာ ဆာဗင်ညိုနဲ့ မာမွတ်ရှ်အပြင် ကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်လည်း နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
ဘုန်းမောက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဆာဗင်ညိုက အသင်းလူစာရင်းထဲတောင် မပါဝင်ခဲ့ဘဲ မာမွတ်ရှ်၊ နီကိုဂွန်ဇာလက်ဇ်တို့ကိုလည်း အရန်ခုံထိုင်ခိုင်းထားခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ မာရက်စကာဟာ အဲဒီပွဲမှာ နောက်ခံလူ ဂူဟီကို ကွင်းလယ်မှာ ကစားစေခဲ့တာဖြစ်ပါတယ်။

image