မန်ယူနိုက်တက်အသင်းနဲ့ ဘာလယ်ဘာ ဆေးစစ်မှုအောင်မြင်
ဘရိုက်တန်အသင်းက ပြောင်းရွှေ့လာတဲ့ ကင်မရွန်းလက်ရွေးစင်ကွင်းလယ်လူ ဘာလယ်ဘာဟာ မန်ယူနိုက်တက်အသင်းနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ မန်ယူနိုက်တက်အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
မန်ယူနိုက်တက်အသင်းအနေနဲ့ ဘာလယ်ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ Add-ons ကြေး ပေါင် ၅ သန်း ကုန်ကျပါလိမ့်မယ်။
ဘာလယ်ဘာ(၂၂ နှစ်)ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကုန်ပိုင်းကတည်းက မန်ချက်စတာကို ရောက်ရှိနေတာဖြစ်တယ်။
မန်ယူနိုက်တက်အသင်းဟာ အခုနွေရာသီမှာ ကွင်းလယ်ပိုင်းကို အဓိကအားဖြည့်ပြင်ဆင်နေတာပါ။
ဘာလယ်ဘာမတိုင်ခင် ချယ်လ်ဆီးအသင်းက အန်ဒရေဆန်းတို့စ်နဲ့ အက်စတွန်ဗီလာအသင်းက တီလေမန်းစ်တို့ကိုလည်း နှစ်ဦးပေါင် ပေါင် ၈၅ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။
ဒါပေမဲ့ ဒီကစားသမားသစ် နှစ်ဦးစလုံးကို အတူပွဲထုတ်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲမှာ တန်းတက်ကလပ် ဟားလ်စီးတီးကို ဝ-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။