Nathan shared a post  
6 d

6 d

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နှင့် ကျုံပျော်မြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် ရေဘေးသင့်သူများကိုရွှေ့ပြောင်းပေး

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နှင့် ကျုံပျော်မြို့တို့တွင် ယနေ့ သြဂုတ် ၂၃ ရက်က ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ၍ ရေဘေးသင့်သူများကိုရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်မှုကြောင့် နံနက်ပိုင်းမှစတင်ကာ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက်နှင့် အ မှတ်(၃)ရပ်ကွက်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများအား ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကျုံပျော်မြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံနက်ပိုင်းမှစတင်ကာ မြေနိမ့်ပိုင်းရှိ ပင်လုံရပ်ကွက်အတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်နေသဖြင့် ရေဘေးသင့်သူများကို ရေဘေးလွတ်ကင်းရာသို့ကူ ညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

image