မဂ္ဂနီကျူ့(၄ ဒသမ ၇)အဆင့်ရှိငလျင်တစ်ခု ဒိုက်ဦးမြို့ကိုဗဟိုပြုလှုပ်ခတ်
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ သြဂုတ် ၂၆ ရက်နံနက်ပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
ဒိုက်ဦးမြို့၏ အနောက်ဘက်(၃၂)မိုင်ခန့်အကွာ၊ အနက် (၁၀)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ ၇)အ ဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် နံနက် ၁၀ နာရီ ၁၄ မိနစ် ၅၇ စက္ကန့်ကလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်မှုကို ပဲခူးမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။