ညောင်တုန်းမြို့နယ်ရှိ ကျေးရွာ(၂)ရွာတွင် လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ပျက်စီးမှုများဖြစ်ပေါ်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ယနေ့ သြဂုတ် ၂၃ ရက်နံနက် ၅ နာရီခန့်မှစတင်ကာ လေပြင်းတိုက် ခတ်မှုများဖြစ်ပေါ်ခဲ့၍ ကျေးရွာ(၂)ရွာရှိ နေအိမ်အချို့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဆားမလောက်ကျေးရွာအုပ်စု၊ ဝါးတောကျေးရွာနှင့် ကွင်းကလေးကျေးရွာတို့ရှိ နေအိမ်အချို့ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဆားမလောက်နယ်မြေမီးသတ်စခန်းမှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များက ပျက်စီးမှုများအားဖယ်ရှားရှင်းလင်းပေးခဲ့ကြပြီးနောက် လိုအပ်သည့်ကူညီမှူများကို ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

image