သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အောက် ပြန်လည်ရောက်ရှိလာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုပိတ်သိမ်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေမြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခဲ့၍ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်ရောက်သဖြင့် ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုတွင် စောင့်ရှောက်ပေးခဲ့ရကြောင်း သိရသည်။
ယနေ့ သြဂုတ် ၂၃ ရက်တွင်မူ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏စိုးရိမ်ရေမှတ်အောက်သို့ပြန်လည်ကျဆင်းလာသည့်အပြင် ရေဝင်ရောက်နေသော အနိမ့်ပိုင်းရပ်ကွက်အချို့တွင်လည်း ရေများပြန်လည်ကျဆင်းလာခဲ့ရာ ယာယီရေဘေးကယ်ရေးစခန်း(၆)ခုအနက် (၃)ခုတွင်နေထိုင်သူများမှာ ၎င်းတို့၏နေအိမ်များသို့ပြန်လည်ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုကိုပိတ်သိမ်းခဲ့ကာ လက်ရှိအချိန်၌ အမှတ်(၄)ရပ်ကွက်၊ တောရဘုန်းကြီးကျောင်း၊ ကြခတ်တောဘုန်းကြီးတော်ကျောင်းနှင့် အမှတ်(၅)ရပ်ကွက် ကိုးနဝင်းကျောင်းတို့ကိုသာဆက်လက်ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ (၁,၆၂၂)ဦးခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

image