ပါကစ္စတန်စစ်တပ်အကြီးအကဲ အီရန်သို့ သွားရောက်မည်

ပါကစ္စတန်စစ်တပ်အကြီးအကဲ ဖီးလ်မာရှယ် အာဆင်း မူနီယာ (Asim Munir) သည် တနင်္လာနေ့တွင် အီရန်နိုင်ငံ မြို့တော် တေရန်သို့ သွားရောက်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာကွာအီ (Esmaeil Baghaei) က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
မူနီယာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်သည် ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ခိုင်မာစေရန် ရည်ရွယ်ကြောင်း ဘာကွာအီ၏ ပြောကြားချက်ကို ကိုးကား၍ အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က ဖော်ပြသည်။
ခရီးစဉ်အတွင်း မူနီယာသည် အီရန်အစိုးရ အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်း လုံခြုံရေးနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်သည် အီရန်နှင့် အမေရိကန်တို့အကြား တင်းမာမှုများ ဖြစ်ပေါ်နေစဉ်ကာလအတွင်း နှစ်ဖက်စလုံးနှင့် နီးကပ်စွာ ဆက်သွယ်ကာ ကြားဝင်စေ့စပ်ရေး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။

image