လေးမျက်နှာမြို့နယ်ရေဘေး လာရောက်ကူညီသူများ၊ အလှူရှင်များအခက်အခဲမရှိစေရန် လမ်းညွှန်လက်ကမ်းစာစောင်များဖြန့်ဝေပေး
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အပါအဝင် မြို့နယ်အချို့တွင်ဖြစ်ပေါ်နေသာ ရေကြီးရေလျှံမှုဖြစ်စဥ်အား လာရောက်ကူညီပေးသည့် လူမှုကူညီရေးအသင်းများ၊ အလှူရှင်များ အခက်အခဲမရှိစေရန် လမ်းညွှန်လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များတွင် အခက်အခဲမရှိစေရန် Information Centre များမှ လမ်းညွှန်မြေပုံများ၊ ဆက်သွယ်ရမည့် ဖုန်းနံပတ်များပါဝင်သည့် လမ်းညွှန်လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးလျက်ရှိပြီး သွားလာရေးအခက်အခဲမရှိစေရန်နှင့် လုံခြုံချောမွေ့စွာရောက်ရှိစေရန်တို့အတွက် နယ်မြေကွပ်ကဲရေးအဖွဲ့များကလည်း စက်လှေများ၊ ပရဟိတအဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လေးမျက်နှာဒေသခံများ စက်လှေစီးနှင်းစဉ် အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် Life Jecket များကိုလည်း တာဝန်ရှိသူများကထုတ်ပေးလျက်ရှိကြောင်း သိရသည်။