ဘူအာဒီကို ယူရိုသန်း(၁၀၀)နဲ့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ဘရာဇီးလ်တောင်ပံကစားသမား အယ်လန်အီလီယပ်စ်ကိုလည်း မန်စီးတီး ခေါ်ယူနိုင်ဖို့ နီးစပ်နေ
မန်စီးတီးအသင်းဟာ လိုင်လီအသင်းက မော်ရိုကိုလက်ရွေးစင် ကွင်းလယ်ကစားသမား ဘူအာဒီကို ယူရိုသန်း(၁၀၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးသားဖြစ်ပေမဲ့ ပြောင်းရွှေ့ကြေးအတွက် လိုင်လီအသင်းနဲ့ ဆက်လက်ဆွေးနွေးနေခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ယူရိုသန်း(၁၀၀)နဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။
မန်စီးတီးအသင်းက ကနဦးပြောင်းရွှေ့ကြေး ယူရို(၉၅)သန်းနဲ့ Add-ons ကြေး ယူရို(၅)သန်း ပေးချေရမှာဖြစ်ပြီး ဘူအာဒီကို ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမှာဖြစ်သလို၊ တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
ဘူအာဒီက အသက်(၁၈)နှစ်သာရှိသေးပေမဲ့ လိုင်လီအသင်းမှာရော မော်ရိုကိုလက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြနေသူဖြစ်တာကြောင့် မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ သေချာနေကြောင်း သိရပါတယ်။
မန်စီးတီးအသင်းက ပါးလ်မီးရပ်စ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား အယ်လန်အီလီယပ်စ်ကိုလည်း ယူရိုသန်း(၄၀)နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
အယ်လန်(၂၂ နှစ်)က ပါးလ်မီးရပ်စ်အသင်းနဲ့ ယူရိုသန်း(၁၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ ယူရိုသန်း(၄၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။
မန်စီးတီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား ဆယ်လ်ဗင်ညိုကို စပါးအသင်းဆီ ရောင်းထုတ်တော့မှာဖြစ်တာကြောင့် အယ်လန်ကို ခေါ်ယူအစားထိုးဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။