မြန်မာ ယူ- ၁၂ လူငယ်အသင်း အုပ်စုတွင်း ဂျပန်ကလပ်အသင်း နှစ်သင်းစလုံးနဲ့ သရေကျ

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် U-12 Junior Soccer World Challenge ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ ယူ- ၁၂ လူ ငယ်အသင်းဟာ အုပ်စုတွင်း ဂျပန်ကလပ်အသင်း နှစ်သင်းစလုံးနဲ့ သရေကျခဲ့ကြောင်း သိရပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ ပြိုင်ပွဲ အုပ်စု(I)မှာ ဂျပန်လူငယ်အကယ်ဒမီအသင်းများဖြစ်တဲ့ အူရာဝါရက်ဒိုင်းမွန်း၊ လီဘာတာဖူကူအိုကာ၊ ရှိုနန်ဘယ်မားရီအကယ်ဒမီအသင်းများနဲ့အတူ ကျရောက်ခဲ့ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ သြဂုတ်(၂၁) ရက်က အုပ်စုပထမပွဲအဖြစ် အူရာဝါရက်ဒိုင်းမွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၂-၂) ဂိုးစီ သရေကျခဲ့ပါတယ်။ မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ သြဂုတ်(၂၂) ရက်က အုပ်စုဒုတိယပွဲအဖြစ် လီဘာတာဖူကူအိုကာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေကျခဲ့ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ် အသင်းဟာ သြဂုတ်(၂၂) ရက်မှာပဲ အုပ်စုတတိယပွဲအဖြစ် ရှိုနန်ဘယ်မားရီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမဲ့ ရာသီဥတုဆိုးရွားမှုကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရကြောင်း သိရပါတယ်။ ဒါကြောင့် မြန်မာ ယူ -၁၂ လူငယ်အသင်းဟာ နှစ်ပွဲသရေရလဒ်ဖြင့် အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရကြောင်း သိရပါတယ်။

image