ချယ်လ်ဆီးနောက်ခံလူ ဘက်ဒီယာရှီလီကို နာပိုလီအငှားနဲ့ခေါ်ယူ
စီးရီးအေကလပ် နာပိုလီအသင်းအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်နောက်ခံလူ ဘက်ဒီယာရှီလီကို အငှားခေါ်ယူခဲ့ကြောင်းသိရသည်။
နာပိုလီအသင်းဟာ ဘက်ဒီယာရှီလီကို အငှားခေါ်ယူခဲ့ခြင်းအတွက် ချယ်လ်ဆီးအသင်းကို ယူရို(၄)သန်းပေးခဲ့ရပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူလိုပါက ယူရို(၂၇)သန်းပေးချေရမှာပါ။
ချယ်လ်ဆီးနည်းပြ အလွန်ဆိုအနေနဲ့ ဘက်ဒီယာရှီလီကို ကြိုက်နှစ်သက်ခြင်းမရှိသလို၊ ပရီးမီးယားလိဂ်လူစာရင်းမှာလည်း ထည့်သွင်းခဲ့ခြင်းမရှိခဲ့တာကြောင့် သူ့အနေနဲ့ အသင်းပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။
ဘက်ဒီယာရှီလီဟာ ချယ်လ်ဆီးအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၇၁)ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။