အရည်အသွေးပြည့်ဝပြီး၊ တာဝန်ယူမှုရှိသည့် ရင်းနှီး မြှမြှုပ်နှံမှုများကိုအထူးအားပေးဖိတ်ခေါ်နေဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

အရည်အသွေးပြည့်ဝပြီး၊ တာဝန်ယူမှုရှိသည့် ရင်းနှီး မြှုပ်နှံမှုများကိုအထူးအားပေးဖိတ်ခေါ်နေဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၁၉ ရက်ကကျင်းပသည့် မြန်မာ-ရုရှားနှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
" ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေဖို့အတွက်ဆောင်ရွက်လျက်ရှိရာမှာ ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာတဲ့ စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးဖို့ လုပ်ထုံးလုပ်နည်းတွေကို လွယ်ကူချော မွေ့အောင်ပြုပြင်ပြောင်းလဲဖို့နဲ့ သင့်တော်တဲ့မူဝါဒဆိုင် ရာကူညီပံ့ပိုးမှုတွေပေးနိုင်ဖို့ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နေပါတယ်"ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို အထူးအားပေးဖိတ်ခေါ်နေကာ ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှုရှိစေဖို့အတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိကာ နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကို အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည်ဟု ပြောသည်။
နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်း ကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင် ရာပြုပြင်ပြောင်းလဲမှုများပြုလုပ်ပေးနေကာ လျှပ်စစ်သုံးယာဉ်(EV)များတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်အခွန်နှုန်းထားများကိုလည်းလျှော့ချပေးလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)များသည် နှစ်နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားဖြစ်၍ လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ်သို့အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာမှာ မြန်မာဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ ကိုရေးဆွဲဖော်ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image