မန်စီးတီးကွင်းလယ်ခံစစ်ကစားသမား နီကိုဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်း ဆွေးနွေးနေ
နယူးကာဆယ်အသင်းဟာ မန်စီးတီးအသင်းက စပိန်ကွင်းလယ်ခံစစ်ကစားသမား နီကိုဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
နီကိုဂွန်ဇာလက်ဇ်(၂၄ နှစ်)ဟာ ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့မှာမှ ပေါ်တိုကနေ မန်စီးတီးကို ပေါင်သန်း(၅၀)နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၅၉)ပွဲကစားပြီး (၄)ဂိုးသွင်းယူထားတဲ့ နီကိုဂွန်ဇာလက်ဇ်က ပုံမှန်ပွဲကစားခွင့်ရရှိဖို့ လိုလားနေတာကြောင့် နယူးကာဆယ်အသင်းက ချဉ်းကပ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်ကို အာဆင်နယ်အသင်းဆီ ရောင်းထုတ်ခဲ့ရတာကြောင့် နီကိုဂွန်ဇာလက်ဇ်နဲ့ ပြန်လည်အစားထိုးလိုခြင်းဖြစ်ပြီး မန်စီးတီးအသင်းကလည်း ကစားသမားသစ်တွေအတွက် အသုံးစရိတ်ကာမိစေဖို့ နီကိုဂွန်ဇာလက်ဇ်ကို ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ နီကိုဂွန်ဇာလက်ဇ်က စပိန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရခြင်းမရှိသေးတဲ့အတွက် ပုံမှန်ကစားခွင့်ရမယ့်အသင်းမှာ ခြေစွမ်းပြခွင့်ရဖို့ လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။