ဆုဖလားတွေရယူဖို့ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့လာတာဖြစ်တယ်လို့ လီကန်အင်
ပြောကြား

အက်သလက်တီကိုကစားသမားသစ် လီကန်အင်က ဆုဖလားတွေရယူဖို့ အသင်းပြောင်းရွှေ့လာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ PSG အသင်းက
လီကန်အင်ကို ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းမှာ
ယူရို ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။
တရားဝင်မိတ်ဆက်ပွဲကိုတော့ သြဂုတ်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်တယ်။
''ကျွန်တော်ဟာ ငယ်ရွယ်စဉ်ကတည်းက စပိန်မှာ နေထိုင်ခဲ့တာပါ။ ဒီကလပ်က ဘယ်လိုကြီးကျယ်ခမ်းနားသလဲဆိုတာ ကျွန်တော် သိပါတယ်။ ကလပ်က ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်မှာ ဒီအသင်းကို ပြောင်းရွှေ့ချင်တဲ့ အကြောင်းပြချက်
တစ်ခုပဲ ရှိခဲ့ပါတယ်။ ဒါက ဆုဖလားတွေအတွက်ပါပဲ''လို့ လီကန်အင်က ပြောကြားခဲ့ပါတယ်။
လီကန်အင်(၂၅ နှစ်)ဟာ အက်သလက်တီကိုအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
၎င်းဟာ ဗလင်စီယာအကယ်ဒမီထွက်ဖြစ်ပြီး ဗလင်စီယာ၊ မာယော့ကာအသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။
အဲဒီနောက် PSG အသင်းမှာ သုံးရာသီကြာကစားကာ ပြိုင်ပွဲစုံ ၁၂၄ ပွဲမှာ ၁၆ ဂိုး သွင်းယူခဲ့ပါတယ်။

image