စာချုပ်သစ်အတွက် တစ်ပတ်လစာယူရို(၅၀၀၀၀၀)နှုန်းနဲ့ မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကို ဘရူနိုဖာနန်ဒက်စ် ငြင်းပယ်
မန်ယူအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ သက်တမ်းတိုးစာချုပ်သစ်အတွက် တစ်ပတ်လစာ ယူရို(၅၀၀၀၀၀)နှုန်းနဲ့ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
လာမယ့် စက်တင်ဘာလမှာ အသက်(၃၂)နှစ်ပြည့်မယ့် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၇ ခုနှစ်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုတော့ ရှိနေပါတယ်။
မန်ယူအသင်းက ဘရူနိုဖာနန်ဒက်စ်ကို ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း အတည်ပြုကြေညာခဲ့ပြီးနောက် သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပေမဲ့ ငြင်းပယ်ခံခဲ့ရတာပါ။
ဘရူနိုဖာနန်ဒက်စ်က လက်ရှိအချိန်မှာ တစ်ပတ်လစာ ယူရို(၃၅၀၀၀၀)ဝန်းကျင် ရရှိနေသူဖြစ်ပြီး မန်ယူအသင်းက ယူရို(၅၀၀၀၀၀)အထိ တိုးမြှင့်ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။
မန်ယူအသင်းက ထွက်ခွာဖို့ စဉ်းစားခဲ့ဖူးတဲ့ ဘရူနိုဖာနန်ဒက်စ်က အခုလို ငြင်းဆန်ခဲ့တာကြောင့် စာချုပ်သက်တမ်းမတိုးတော့ဘဲ လာမယ့်နွေရာသီမှာ မန်ယူအသင်းနဲ့ လမ်းခွဲဖို့ ရည်ရွယ်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိလာခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကို မန်ယူမှာ ရရှိနေတဲ့ လစာရဲ့နှစ်ဆနဲ့ ကမ်းလှမ်းခဲ့တဲ့ ဂါလာတာစာရေးအသင်းက လာမယ့်နွေရာသီမှာ မြင့်မားတဲ့ လစာနှုန်းထားနဲ့ ခေါ်ယူဖို့ အသင့်ရှိနေသလို၊ ဆော်ဒီကလပ်တွေကလည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရပါတယ်။
N ML
Delete Comment
Are you sure that you want to delete this comment ?