ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး
တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများသည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကော့ကရိတ်ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Malteser International က ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပစ္စည်း(Livehood kids) များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။