2 ရက် - ဘာသာပြန်ပါ။

CR7 ရဲ့ မင်္ဂလာပွဲလို့ အထင်မှားကာ ထောင်ပေါင်းများစွာ ရော်နယ်ဒိုပရိသတ်များ ရောက်လာမှုကြောင့် မင်္ဂလာပွဲတစ်ပွဲ အုတ်အော်သောင်းနင်းဖြစ်ခဲ့
===================

သတို့သမီးနှင့် သတို့သားတို့ဟာ ပေါ်တူဂီနိုင်ငံ၊ မာဒိုင်ရာကျွန်းတွင် ပြုလုပ်တဲ့ လက်ထပ်မင်္ဂလာပွဲကို ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ရဲ့ မင်္ဂလာပွဲလို့ ထင်မှတ်ပြီး ပရိသတ် ၂၀၀၀ ခန့် လာရောက် ကြိုဆိုခြင်းနှင့်ကြုံခဲ့ရပါတယ်။
စနေနေ့တွင် ဘီလျှံနာခရစ္စတီယာနိုရော်နယ်ဒိုနှင့် ချစ်သူမော်ဒယ်ဂျော်ဂျီနာတို့ Funchal Cathedral ဘုရားကျောင်းတွင် မင်္ဂလာပွဲ ကျင်းပမယ်လို့ သတင်းများ ထွက်ပေါ်မှုနှင့်အတူ ထောင်ပေါင်းများစွာ ပရိသတ်များ ဘုရားကျောင်းရှေ့တွင် စုပြုံနေခဲ့ပါတယ်။
ဒါပေမယ့် ယင်းမင်္ဂလာပွဲက မာဒိုင်ရာမှာ ကြီးပြင်းလာတဲ့ နီကိုလာကူညာတိုင်ဇီရာနှင့် ဖေဘီယိုရာမို့စ်တို့ရဲ့ မင်္ဂလာပွဲ ဖြစ်နေပါတယ်။
ဒါပေမယ့် ထောင်ပေါင်းများစွာသော ပရိသတ်များဟာ ယင်းမင်္ဂလာပွဲကို ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့က အမည်တု ပြောင်းလဲကာ ဘုတ်ကင်တင်ထားတာလို့ ယုံကြည်နေကြပါတယ်။
သတို့သမီးဟာ များပြားလှတဲ့ လူအုပ်ကြီးကို ကျော်ဖြတ်ကာ ဘုရားကျောင်းသို့ သွားခဲ့ရပြီး ပရိသတ်အချို့တို့မှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နာမည်ကျော် ကျောနံပါတ် ၇ ကို ကိုင်ဆောင်ထားကြတာ တွေ့ရပါတယ်။
ပရိသတ်အချို့တို့က "ဂျော်ဂျီနာ မဟုတ်ဘူးဟေ့"လို့ အော်ဟစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပရိသတ်အချို့တို့ကလည်း ဖုန်းထုတ်ပြီး သတို့သမီးနှင့် Selfie ဓာတ်ပုံရိုက်ကူးဖို့ ကြိုးစားခဲ့ကြပါတယ်။
အထက်ပါ ဗီဒီယိုမှာ အွန်လိုင်းတွင် ပျံ့နှံနေပြီး ခရစ္စတီယာနိုရော်နယ်ဒိုကိုယ်တိုင်လည်း ကြည့်ရှုထားတာ တွေ့ရပါတယ်။
အထူးသဖြင့် သောကြာနေ့ညတုန်းက ရော်နယ်ဒိုရဲ့အစ်မ အသက် ၄၈ နှစ်ရှိ ကေတီယာအဗီရိုက မာဒိုင်ရာသို့ ရောက်နေတဲ့အကြောင်းကို “party” ဆိုတဲ့ ခေါင်းစဉ်နှင့် ပို့စ်ထားမှုနှင့်အတူ မောင်ဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ မင်္ဂလာပွဲ အမှန်တကယ်ကျင်းပလာမယ်လို့ အားလုံးက ယူဆနေခဲ့ကြတာပါ။
သူမရဲ့အင်စတာဂရမ်စတိုရီမှာလည်း မိခင်ဖြစ်သူ မာရီယာဒိုလိုရေးစ် ဟိုတယ်တစ်ခုရဲ့အခန်းသို့ ရောက်နေတဲ့ ဓာတ်ပုံကိုလည်း တင်ထားပါသေးတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ ကျင်းပမယ်လို့ သတင်းထွက်နေတဲ့ ကြယ်ငါးပွင့်အဆင့် ရှိ Savoy Palace ဟိုတယ်ကလည်း နှစ်လွှာလုံး ဘုတ်ကင်ပြည့်နေပါတယ်။
ရော်နယ်ဒိုနှင့်ဂျော်ဂျီနာတို့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက စေ့စပ်ခဲ့ကြတာ ဖြစ်ပြီး ကမ္ဘာဖ့လားအပြီးတွင် မင်္ဂလာပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
ရော်နယ်ဒိုဟာ လာမယ့်အပတ်တွင် ဆော်ဒီပရိုလိဂ်စတင်ရမှာ ဖြစ်လို့ စနေနေ့က လက်ထပ်ပွဲ ကျင်းပမယ်လို့ ပရိသတ်များ ယုံကြည်နေခဲ့ကြပါတယ်။
၁၅ ရာစုကတည်းက တည်ရှိလာခဲ့တဲ့ Funchal Cathedral မှ သင်းအုပ်ဆရာ ဖာသားမားကို့စ်ဂွန်ကယ်ဗက်စ်ကလည်း "ဒါက ဒီကနေ့ တစ်ပွဲတည်းသော မင်္ဂလာပွဲပါ။ ခရစ္စတီယာနိုရော်နယ်ဒို ဘုတ်ကင်ယူထားတာ မဟုတ်ပါဘူး"လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဂွန်ကယ်ဗက်စ်က ရော်နယ်ဒိုမှာ Funchal Cathedral ကျောင်းတွင် မင်္ဂလာပွဲကျင်းပရန် ဘုတ်ကင်ယူထားခြင်း မရှိကြောင်းလည်း ဆိုထားပါသေးတယ်။

image