မြဝတီမြို့တွင် မူးယစ်ဆေးဝါး ၊ ဒုစရိုက်မှုများနှင့် လောင်းကစားလုပ်ငန်းများ ပပျောက်စေရေးအတွက် ငါးဂိမ်းလောင်းကစားရုံများ ဖမ်းဆီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
ကရင်ပြည်နယ်၊မြဝတီ နယ်စပ်မြို့ တွင် မူးယစ်ဆေးဝါး ၊ ဒုစရိုက်မှုများနှင့် လောင်းကစားလုပ်ငန်းများ ပပျောက်စေရေးအတွက် ငါးဂိမ်းလောင်းကစား ရုံများ ဖမ်းဆီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့တွင် ငါးဂိမ်းရုံများ၊ ငါးဂိမ်းလောင်းကစားခြင်းများနှင့် ပတ်သက်၍ ထပ်မံလုပ်ကိုင်နေခြင်း မရှိစေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ မိမိအမာခံသတင်းပေးများထံမှ သတင်းရရှိပါက ဖမ်းဆီးရမိရေး အရှိန်အဟုန်တိုးမြှင့်၍ ဆောင်ရွက်လျှက်ရှိသည်ဟု ကရင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း က ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၌ ဖြေကြားခဲ့ကြောင်း သိရသည်။