ရေပြန်လည်ကျဆင်းလာပါက စာသင် ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကိုအမြန်ဆုံးဖွင့်လှစ်မည်

ရေပြန်လည်ကျဆင်းလာပါက စာသင် ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကိုအမြန်ဆုံးဖွင့်လှစ်မည်ဟု ဧရာဝ တီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က သြဂုတ် ၁၁ ရက်နံနက်ပိုင်းတွင်ပြုလုပ်သည့် ရေဘေးသင့်ဒေသများပြန်လည် ထူထောင်ရေးလုပ်ငန်းများဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဝိုင်း ဝန်းပံ့ပိုးကူညီကြရမည်ဖြစ်ပြီး ရေပြန်လည်ကျဆင်းပါက ပြန်လည်စိုက်ပျိုး ရေးလုပ်ငန်းများကို ဦးစားပေးအနေ ဖြင့်ဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့ကြောင့် လိုအပ်သော စက်ယန္တရားများ၊ မျိုးစေ့နှင့် သွင်းအားစုများကို အသင့်စုဆောင်းပြင်ဆင်ထားရမည်ဖြစ်သည့်အပြင် စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကိုလည်း အမြန်ဆုံးဖွင့်လှစ်ရမည်ဟု ပြောသည်။
ထို့ပြင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ မူလတာဝန်များအပြင် ရေ ဘေးသင့်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း တက်ညီလက် ညီပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဟု ပြောကြားခဲ့သည်။

image