မွေးရပ်မြေ ရိုဆာရီယိုတွင် အသက် ၆၈ နှစ်အရွယ်ရှိ လီယွန်နယ်မက်ဆီရဲ့ဖခင် ကွယ်လွန်
====================
လီယွန်နယ်မက်ဆီရဲ့ဖခင်ဟာ မွေးရပ်မြေ ရိုဆာရီယိုတွင် အသက် ၆၈ နှစ် အရွယ်မှာပဲ ကွယ်လွန်လာပါတယ်။
ဂျော့မက်ဆီဟာ Ballon d'Or ၈ ကြိမ်ရ လီယွန်နယ်မက်ဆီရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂန္ထဝင်ဘောလုံးသမားဘဝတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်ပြီး လူငယ်ကစားသမားဘဝစတင်ရာ Newell's Old Boys မှာကတည်းက အေးဂျင့်အဖြစ် ဆောင်ရွက်ပေးလာခဲ့သူလည်း ဖြစ်ပါတယ်။
စီနီယာမက်ဆီဟာ ကျန်းမာရေးပြဿနာတိုက်ပွဲဝင်နေခဲ့ရတာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက မက်ဆီက ၎င်းနှင့်မိသားစုမှာ ခက်ခဲတဲ့ကာလအား ဖြတ်သန်းနေရကြောင်း ဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။
မက်ဆီရဲ့ ပထမဆုံးကလပ် Newell's Old Boys က ဂျော့ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် ထုတ်ပြန်ထားပါတယ်။