စပါးစ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်တဲ့ ဗန်ဒီဗန်
=================

မစ်ကီဗန်ဒီဗန်ဟာ စပါးစ်နှင့် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။
နယ်သာလန်လက်ရွေးစင်ဗဟိုနောက်ခံလူဟာ ၂၀၂၃ ခုနှစ်တွင် ဝုဖ်ဘတ်မှ ပြောင်းလာခဲ့တာ ဖြစ်ပြီး လက်ရှိ စာချုပ်မှာ ၂၀၂၉ ခုနှစ်တွင်မှ ကုန်ဆုံးပါမယ်။
ဒါပေမဲ့ ဗန်ဒီဗန်ဟာ မတ်လတုန်းက ရောဘတ်တိုဒီဇာဘီ မရောက်လာမီတုန်းက အသင်းပြောင်းရေး အလေးအနက်ထား စဉ်းစားနေခဲ့သူလည်း ဖြစ်ပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ စပါးစ်သို့ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်တွင် ဆက်လက် တင်ကျန်အောင် စွမ်းဆောင်လာမှုနှင့်အတူ အသက် ၂၅ နှစ်ရှိ ဗန်ဒီဗန်မှာလည်း စိတ်ပြောင်းလဲလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၉ လအတွင်း နည်းပြ ၃ ဦး ပြောင်းလာခဲ့တဲ့ စပါးစ်မှာ ရောဘတ်တိုဒီဇာဘီရဲ့ ဦးဆောင်မှုဖြင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီလို့ ဗန်ဒီဗန် ဘက်က ယုံကြည်နေမှုနှင့်အတူ ကလပ်တွင် ဆက်ကစားရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

image