လမ်းဘေးဂိုဏ်းဝင်များရဲ့ တိုက်ခိုက်မှုကြောင့် ယူဂန်ဒါစတားတစ်ဦး သေဆုံး
====================

ယူဂန်ဒါနိုင်ငံမှ လူသိများတဲ့ ကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့ ကစားသမားတစ်ဦးဟာ မြို့တော် ကမ်ပါလာရှိ နေအိမ်အနီးတွင် လုယက်သူများလို့ ယူဆရသူများရဲ့ တိုက်ခိုက်ခြင်းခံရကာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ ဒေးဗစ်အိုဝိုရီဟာ မိုဘိုင်းဖုန်းနှင့် သူ့တွင် ပါဝင်လာတဲ့ ပစ္စည်းများ မဆုံးရှုံးရေး ကာကွယ်စဉ် တိုက်ခိုက်ခြင်းခံရကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုထားပါတယ်။
အိုဝိုရီဟာ ယူဂန်ဒါပရီးမီးယားလိဂ်ဖလားအား စံချိန်တင်ဆွတ်ခူးထားတဲ့ Sports Club (SC) Villa ရဲ့အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ညာနောက်ခံလူအဖြစ်လည်းကောင်း၊ အလယ်တန်းကစားသမားအဖြစ်လည်းကောင်း ကစားနေသူ ဖြစ်ပါတယ်။
သူဟာ ယူဂန်ဒါလက်ရွေးစင်အသင်းအတွက်လည်း ကိုယ်စားပြုကစားနေသူ ဖြစ်ပါတယ်။
မျက်မြင်သက်သေများရဲအဆိုအရ အင်္ဂါနေ့ညတုန်း လုယက်သူများဟာ အိုဝိုရီအား ကျောက်ခဲဖြင့် ထုရိုက်တိုက်ရိုက်ပြီးနောက် ကိုယ်တွင် ပါတဲ့ ပစ္စည်းများကို ရယူသွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။
အိုဝိုရီဟာ ခေါင်းမူးဝေ ဒဏ်ရာရရှိကာ အနီးရှိ ဆေးခန်းတစ်ခုသို့ သွားပြခဲ့ပြီးနောက် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဗုဒ္ဓဟူးနေ့မှာတော့ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။
လက်ရှိအချိန်တွင် ဒေသတွင်းရဲတပ်ဖွဲ့ဝင်များဟာ အိုဝိုရီအား တိုက်ခိုက်လုယက်ခဲ့သူများအား ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ရှာဖွေနေပါတယ်။
အိုဝိုရီ သေဆုံးသွားမှုက ယူဂန်ဒါဘောလုံးလောကနှင့်ပရိသတ်များအတွက် ကြီးမားတဲ့ တုန်လှုပ်စရာ အဖြစ်အပျက် ဖြစ်နေပြီး နိုင်ငံရေးသမားများက တရားမျှတမှု ပြန်လည် ရရှိရေး တောင်းဆိုမှုများ ပြုလုပ်နေကြပါတယ်။
ယူဂန်ဒါပါလီမန်တွင် ဗုဒ္ဓဟူးနေ့တုန်းက အိုဝိုရီအတွက် တစ်မိနစ်ငြိမ်သက်မှု ပြုလုပ်ကာ ဝမ်းနည်းကြောင်း ပြသခဲ့ပြီး အလျှင်အမြန် စစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းနေကြပါတယ်။
နေရာစုံတွင် ကစားနိုင်တဲ့ အိုဝိုရီဟာ စည်းကမ်းကောင်းတဲ့ ကစားသမားတစ်ဦးအဖြစ် နာမည်ကြီးသူ ဖြစ်ပြီး ဥရောပတွင် ကျင်လည်ပြီးနောက် ၂၀၂၃ ခုနှစ်တွင် SC Villa သို့ ပြန်လာခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တုန်းက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအမှတ်ပေးဖလားအဖြစ် ၁၇ ကြိမ်မြောက် အမှတ်ပေးဖလားရရှိအောင် ဦးဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

image