5 ရက် - ဘာသာပြန်ပါ။

ဂျာမန်လူမျိုးနည်းပြဂျိုင်ဆယ်လ်ကို နည်းပြသစ်အဖြစ် နယူးကာဆယ် ခန့်အပ်လာ
=====================

နယူးကာဆယ်ဟာ မားသီးယပ်စ်ဂျိုင်ဆယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လာပြီ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ယခုနွေရာသီတွင် အရေးပါတဲ့ ကစားသမားများကို လက်လွှတ်ဆုံးရှုံးရပြီးနောက် လူငယ်ပါရမီရှင်များအား အဓိကထား ခေါ်ယူအားဖြည့်မှုများ ပြုလုပ်ထားသလို ပရီးမီးယားလိဂ်တွင် မကျင်လည်ဖူးတဲ့ လူငယ်နည်းပြတစ်ဦးကိုပါ အရဲစွန့် ခန့်အပ်လာတာလည်း ဖြစ်ပါတယ်။
ဂျာမန်လူမျိုးဂျိုင်ဆယ်လ်ဟာ ဆော်ဒီနှင့် ဩစတြီးယားတို့တွင် Al-Ahli ၊ ရက်ဘူးလ်ဆဲလ်ဘတ်တို့နှင့်အတူ အောင်မြင်မှုများ ရယူဖူးသူ ဖြစ်ပါတယ်။
အက်ဒီဟောင်းနေရာတွင် ၄ နှစ်စာချုပ်ဖြင့် အစားထိုးခန့်အပ်ခြင်းခံရတဲ့ ဂျိုင်ဆယ်လ်ဟာ ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ပထမဆုံးကိုင်တွယ်တဲ့အသင်းအဖြစ် နယူးကာဆယ်ကို ကိုင်တွယ်လာတာပါ။
အသက် ၃၈ နှစ်ရှိ ဂျိုင်ဆယ်လ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအသက်အငယ်ဆုံးနည်းပြလည်း ဖြစ်လာမှာ ဖြစ်ပြီး ပထမဆုံးပွဲအဖြစ် ဩဂုတ်လ ၂၃ ရက်နေ့ လီဗာပူးနှင့်ပွဲအား ကြီးကြပ်ရပါမယ်။
နယူးကာဆယ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ဂျိုင်ဆယ်လ်က "ကျွန်တော့်အသင်းတွေကို စည်းလုံးမှု၊ ကြိုးစားအားထုတ်မှု၊ ပြင်းထန်မှုနဲ့ နေ့စဉ် ရက်ဆက် တိုးတက်လိုစိတ်ရှိမှုနဲ့ တည်ဆောက်ပါတယ်။ ဒီအသင်းမှာရော ကလပ်မှာပါ ကြီးမားတဲ့အလားအလာကောင်းရှိတယ်လို့ ယုံကြည်ပါတယ်။ နယူးကာဆယ်အတွက် အနာဂတ်အောင်မြင်မှုတွေအတွက် ကိုယ်စွမ်းကိုယ်စ ရှိသမျှ အစွမ်းကုန် ကြိုးစားသွားပါမယ်"လို့ ပြောကြားသွားပါတယ်။
ဂျိုင်ဆယ်လ်ဟာ တနင်္လာနေ့ကတည်းက နယူးကာဆယ်ရဲ့ စပိန်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ဂျိုင်ဆယ်လ်အား ခန့်အပ်နိုင်ရေးအတွက် Al-Ahli ကို နစ်နာကြေး ပေါင် ၉.၈ သန်းပေးခဲ့ရကြောင်း သိရပါတယ်။ ဂျိုင်ဆယ်လ်ဟာ Al-Ahli ကို အာရှချန်ပီယံလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးအောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ကစားသမားဘဝတုန်းက ခံစစ်သမားတစ်ဦးဖြစ်ခဲ့တဲ့ ဂျိုင်ဆယ်လ်ဟာ ဒဏ်ရာကြောင့် ကစားသမားဘဝမှ စောစောစီးစီး နားခဲ့ရပြီးနောက် ဟန်နိုဗာတွင် လက်တွဲခဲ့ဖူးတဲ့ ဆရာဖြစ်သူ ယူနိုက်တက်နည်းပြဟောင်းရေးဖ်ရန်နစ်ခ်လက်အောက်တွင် နည်းပြပညာ သင်ကြားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ရက်ဘူးလ်ဆဲလ်ဘတ်နှင့်အတူ ဩစတြီးယားဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

image