ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အစားအသောက်များ စားသုံးရာတွင် သတိပြုရန် FDA အသိပေး

ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် အစားအသောက်များတွင် မိလ္လာ၊ အညစ်အကြေး၊ ဆီနှင့် အခြားဓာတုပစ္စည်းများ ရောနှောပါဝင်နိုင်သည့်အတွက် စနစ်တကျ စစ်ဆေးပြီးမှ စားသုံးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထားသည်။
ရေကြီးမှုနှင့် ထိစပ်ထားသည့် ချက်ပြုတ်ပြီး/မချက်ရသေးသည့် အစားအသောက်များ၊ ရေစိုခံနိုင်ခြင်းမရှိသည့် စက္ကူပုံးထုပ်ပိုးစာများ၊ ပေါက်ပြဲ ဖောင်းပွ သံချေးတက်နေသည့် စည်သွပ်ဘူးများနှင့် အနံ့အရောင် မကောင်းသည့် အစားအသောက်များကို မစားသုံးဘဲ စွန့်ပစ်ရန် သတိပေးထားသည်။
ထို့ပြင် လျှပ်စစ်မီးပြတ်တောက်၍ ရေခဲသေတ္တာအတွင်းရှိ အစားအသောက်များ အခန်းအပူချိန်တွင် ၄ နာရီကျော်ပါက ဆက်လက်စားသုံးရန် မသင့်တော့ကြောင်း ဖော်ပြထားသည်။
သို့သော် ရေနှင့်မထိစပ်သည့် အစားအသောက်များနှင့် ပျ-က်စီးမှုမရှိသည့် သန့်ရှင်းသော စည်သွပ်ဘူးများကို စားသုံးနိုင်သည်။ သောက်ရေအတွက် ရေကို ကျိုချက်ရန် သို့မဟုတ် အဖုံးမဖွင့်ရသေးသည့် သောက်ရေသန့်ဘူးနှင့် ရေသန့်ဆေးပြား (Water Tablet) များ အသုံးပြုရန်၊ မစားမီ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်နှင့် မကင်းသည့် အစားအသောက်များကို သီးခြားခွဲ၍ စနစ်တကျ စွန့်ပစ်ရန် FDA က တိုက်တွန်းထားသည်။

image