စုံစမ်းစစ်ဆေးမှုအမှားကြောင့် တစ်ရာသီစာလက်မှတ်ပိုင်ရှင်များအား အခက်တွေ့စေခဲ့ကြောင်း ယူနိုက်တက်ဝန်ခံလာ
=====================

မန်ချက်စတာယူနိုက်တက်က စုံစမ်းစစ်ဆေးမှုအမှားကြောင့် တစ်ရာသီစာလက်မှတ်ပိုင်ရှင်အချို့တို့အား ဒုက္ခတွေ့စေခဲ့ကြောင်း ဝန်ခံလာပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့လမှစတင်ကာ သံသယဖြစ်ရာ လုပ်ဆောင်မှုအချို့ လုပ်တဲ့ တစ်ရာသီစာလက်မှတ်ပိုင်ရှင်အချို့တို့အား တွေ့ရှိပြီးနောက် နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။
ကလပ်ရဲ့ ကြေညာချက်အရ ယင်းမှ တစ်ခုမှာ ဖုန်းတစ်လုံးတည်းမှ အကောင့်ပေါင်း ၁၀၈၈ ကို ဝင်ရောက်ခဲ့ကြောင်း ဆိုသွားပါတယ်။
တဖက်တွင် ယူနိုက်တက်ဘက်က ယင်းသို့ သံသယဖြစ်ရာ အကောင့်အား တစ်ရာသီစာလက်မှတ်ဝယ်ယူမှု ဆိုင်းငံ့လာမှုနှင့်အတူ ပရိသတ်အမြောက်အမြားတို့မှာ မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိဘဲ တစ်ရာသီစာလက်မှတ်ဝယ်ယူခွင့် ဆုံးရှုံးရမည်ဆိုကို အကြီးအကျယ် စိုးရိမ်ခဲ့ကြရပါတယ်။
အစောပိုင်းတုန်းက ယူနိုက်တက်ဟာ ၎င်းတို့ရဲ့ လုပ်ဆောင်မှုအပေါ် ကာကွယ်လာခဲ့ပေမဲ့လည်း ယခုအခါ စုံစမ်းစစ်ဆေးမှုအမှား ပြုလုပ်ရာမှ ယခုကဲ့သို့ မှားယွင်းလာခြင်းဖြစ်ကြောင်း ဝန်ခံလာပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၎င်းတို့အမှားအား ဝန်ခံလာမှုနှင့်အတူ တစ်ရာသီစာလက်မှတ်ပိုင်ရှင်များအား လက်မှတ်ဝယ်ယူခွင့် ရပ်ဆိုင်းထားရာမှ ပြန်လည်ဖွင့်လှစ်ပေးလာနေပြီလည်း ဖြစ်ပါတယ်။

image