6 ရက် - ဘာသာပြန်ပါ။

ဘရာဂါဂိုးသမားလူးကပ်စ်ဟိုနီဆက်စ်ကို ပေါင် ၂၅.၇ သန်းဖြင့် နယူးကာဆယ် ခေါ်ယူလာ
====================

နယူးကာဆယ်ဟာ ဘရာဂါမှ ဂိုးသမားလူးကပ်စ်ဟိုနီကက်စ်ကို ပေါင် ၂၅.၇ သန်းဖြင့် ခေါ်ယူလာပါတယ်။
နယူးကာဆယ်ဟာ ယခုနွေရာသီတွင် ရိမ်းစ်မှ အသက် ၂၀ နှစ်ရှိ အီဝန်းဂျောင်အန်ကို ခေါ်ယူထားပြီးဖြစ်ပေမဲ့လည်း ဂိုးသမားနေရာအတွက် နောက်ထပ်အားဖြည့်မှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ ဟိုနီဆက်စ်ဟာ နယူးကာဆယ်သို့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၂၅.၇ သန်းဖြင့် ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ပြီးနောက် ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းနေပြီလည်း ဖြစ်ပါတယ်။
ချက်လက်ရွေးစင်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့အထိ တက်ရောက်ခဲ့စဉ်တုန်းက ဘရာဂါအား ၇ ပွဲဂိုးမပေးရအောင် စွမ်းဆောင်ကာ ယူရိုပါလိဂ်တွင် ဂိုးမပေးရတဲ့ပွဲအများဆုံးဂိုးသမားအဖြစ် မှတ်တမ်းတင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဟိုနီဆက်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပေါ်တူဂီလိဂ်တွင် ဘောလုံးပေးပို့မှု အောင်မြင်မှု (၈၄၆)ဖြင့် ဒုတိယဖြင့် ရပ်တည်ခဲ့သလို ဘောလုံးပေးပို့မှုအောင်မြင်ဆုံး (၇၅ ရာခိုင်နှုန်း) စတုတ္ထဂိုးသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။
နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂိုးမပေးရတဲ့ပွဲ ၈ ပွဲတည်းသာ ပိုင်ဆိုင်ခဲ့ကာ ၅၅ ဂိုးအထိပေးခဲ့ရပြီးနောက် ယခုနွေရာသီတွင် ဂိုးသမားနေရာအား ဦးစားပေးအားဖြည့်လာတာပါ။
နယူးကာဆယ်ဟာ နစ်ပုပ်နှင့် အေရွန်ရမ်ဒေးလ်တို့အပေါ်တွင် အယုံအကြည် နည်းပါးလာသလို ပြည်ပမှ အသက် ၂၀ နှစ်ဝန်းကျင် ကစားသမားများကို အားဖြည့်မှုများပြုလုပ်လာတကိုလည်း တွေရပါတယ်။

image