တရုတ်ငွေချေးစာချုပ်များအပေါ် ဘရာဇီး မှီခိုနေရ
-----------------------
ဘရာဇီးနိုင်ငံအနေနဲ့ တရုတ်ငွေချေးစာချုပ်တွေအပေါ် မှီခိုနေရတယ်လို့ ဘရာဇီးဘဏ္ဍာရေးအရာရှိက ပြောကြားခဲ့ ကြောင်း South China Morning Post ကဖော်ပြပါတယ်။ ဘရာဇီးဟာ တရုတ်နိုင်ငံမှာ ယွမ်ငွေချေးစာချုပ်တွေကို နှစ်စဉ်ရောင်းချဖို့ ရည်ရွယ်ထားကြောင်း ဘရာဇီးဘဏ္ဍာရေးအရာရှိတစ်ယောက်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ဘရာဇီးနဲ့ တရုတ်နိုင်ငံတို့အကြား ဘဏ္ဍာရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နေရာမှာ ဘရာဇီးဟာ တရုတ်ဘဏ္ဍာရေးဈေးကွက်ကနေတစ်ဆင့် ပုံမှန် ငွေချေးယူသူ/ စာချုပ်ထုတ်ရောင်းသူဖြစ်လာဖို့ ရည်ရွယ်နေတယ်လို့ ဘရာဇီး ဒုတိယဘဏ္ဍာရေးဝန်ကြီးက မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဲဒီကနေတစ်ဆင့် ဘရာဇီးဟာ အမေရိကန်ဒေါ်လာ ဒါမှမဟုတ် ယူရို ငွေကြေးတွေအပေါ်မှာ မှီခိုနေရမှုကိုလျှော့ ချပြီး ငွေချေးယူတဲ့ အရင်းအမြစ်တွေကို စုံလင်အောင် ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပဈေး ကွက်တွေမှာ အတိုးနှုန်းမြင့်မားနေချိန် တရုတ် ယွမ်ငွေကြေးဈေးကွက်ကနေတစ်ဆင့် သက်သာတဲ့အတိုးနှုန်းတွေ နဲ့ ရန်ပုံငွေရှာဖွေနိုင်မှာဖြစ်ပါတယ်။