4 ရက် - ဘာသာပြန်ပါ။

ပီအက်စ်ဂျီမှ ပြင်သစ်တိုက်စစ်သမားမူအာနီကို ဂျူဗင်တပ် ခေါ်ယူအားဖြည့်လာ
=================

ဂျူဗင်တပ်ဟာ ပီအက်စ်ဂျီမှ ရန်ဒယ်ကိုလိုမူအာနီအား ခေါ်ယူရေး အပြီးသတ်လုပ်ဆောင်လာပါတယ်။
ပြင်သစ်တိုက်စစ်သမားဟာ ၂၀၂၅ ခုနှစ်တုန်းက အငှားဖြင့် လာရောက်ကစားခဲ့တဲ့ ဂျူဗင်တပ်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။
မူအာနီဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပါးစ်သို့ အငှားဖြင့် သွားကစားခဲ့ပေမဲ့ ဂျူဗင်တပ်က တိုက်စစ်ကို အားဖြည့်ရန် လိုအပ်နေမှုနှင့်အတူ ခေါ်ယူရေး အစွမ်းကုန်ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ မူအာနီအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၈ သန်းပေးရမှာ ဖြစ်ပြီး အောင်မြင်မှုအပေါ် မူတည်ကာ နောက်ထပ် ယူရို ၁၂ သန်းထပ်မံ ပေးရပါမယ်။
မူအာနီဟာ ဂျူဗင်တပ်တွင် တစ်နှစ်လုပ်ခ ယူရို ၅.၅၅ သန်း ရရှိလာပါမယ့်အပြင် အပိုဆုကြေးများလည်း ရရှိလာပါဦးမယ်။
မူအာနီဟာ ဂျူဗင်တပ်တွင် တစ်ရာသီ အငှားဖြင့် ကစားစဉ်တုန်းက ပြိုင်ပွဲအရပ်ရပ် ၂၂ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းပြီး ၃ ကြိမ် ဖန်တီးကာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့ဖူးပါတယ်။
ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့နွေတုန်းက အပြီးသတ်ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့ မူအာနီက စပါးစ်သို့ အငှားဖြင့် ပြောင်းသွားခဲ့ပါတယ်။ သူဟာ စပါးစ်အတွက် ၄၁ ပွဲကစားခဲ့ရာမှာ ၅ ဂိုးသွင်းပြီး ၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

image