အာဆင်နယ်ကွင်းလယ်ကစားသမားနော်ဂတ်ကို ခေါ်ယူရန် အဲဗာတန် သဘောတူညီမှု ရရှိလာ
===================

အဲဗာတန်ဟာ အာဆင်နယ်မှ ဒိန်းမတ်ကွင်းလယ်ကစားသမားခရစ္စတီယန်နော်ဂတ်ကို ပြောင်းရွှေ့ကြေး ပေါင် ၇ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
နော်ဂတ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘရန့်ဖို့ဒ်မှ အာဆင်နယ်သို့ ပေါင် ၁၅ သန်းဖြင့် ပြောင်းလာပြီးနောက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၂၀ တည်းသာ အကန့်အသတ်ဖြင့် ကစားခွင့် ရရှိခဲ့ပါတယ်။
သူဟာ ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ်ရာသီပွဲတစ်ပွဲတည်းသာ ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ ယခုအခါမှာတော့ အသက် ၃၂ နှစ်ရှိ နော်ဂတ်ဟာ ပွဲကစားခွင့် ပိုမို ရရှိလာမယ့် အဲဗာတန်သို့ ပြောင်းလာတော့မှာ ဖြစ်ပါတယ်။
နော်ဂတ်ဟာ လာမယ့်အပတ်အစောပိုင်းတုန်းတွင် ဆေးစစ်ဆေးမှု ခံယူကာ အပြောင်းအရွှေ့ အပြီးသတ်လာဖို့ ရှိနေပါတယ်။
အဲဗာတန်ဟာ ယခုနွေရာသီတွင် အေဒန်ဟက်နေ၊ တိုင်ရီကေးဂျော့၊ မာလန်ရိုလ်တို့အား‌ ခေါ်ယူပြီးနောက် စတုတ္ထမြောက် ခေါ်ယူမှုအဖြစ် နော်ဂတ်အား ခေါ်ယူလာမှာလည်း ဖြစ်ပါတယ်။

image