နမ့်စန်မြို့နယ်၌ အွမ်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ(၄၉)ဦးအား လက်နက်ခဲယမ်းများ၊ သက်သေ ခံပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာအနီးမှ အွန်လိုင်းလိမ် လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား (၄၉)ဦးကို လက်နက်ခဲယမ်းများ၊ သက်သေခံပစ္စည်းများနှင့်အတူ ယနေ့ သြဂုတ် ၄ ရက်မွန်းလွဲ ၂ နာရီခွဲတွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များက နမ့်စန်မြို့ နယ်၊ နားရိုင်းရွာသစ်ကျေးရွာတောင်ဘက်မီတာ(၂၅၀)ခန့်အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်ရာတွင်အသုံးပြုသည့် အဆောက် အအုံများ၊ လက်နက်ခဲယမ်းများ၊ လုပ် ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ(၄၉)ဦးကိုဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား လို အပ်သည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာဆက်လက်အရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှပါဝင်ပတ်သက်နေသူများကိုလည်း စုံစမ်းဖော်ထုတ်ကာအရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image