UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့အဖွဲ့ ဟာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဂါရဝပြုတွေ့ဆုံခဲ့သလို NSPNC နဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေး
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ် ၄ ရက် မနက်ပိုင်းက နေပြည်တော် နိုင်ငံတော်သမ္မတရုံးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။