ပယ်ချရန် ခက်ခဲတဲ့ ကမ်းလှမ်းမှု ပြုလုပ်လာပြီးနောက် ဗီနီရှပ်စ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိလာပြီ ဖြစ်တဲ့ အာဆင်နယ်
======================
အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်နှင့်ဘရာဇီးစူပါစတားဗီနီရှပ်စ်ဂျူနီယာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် အသင်းသို့ စူပါစတားတစ်ဦး ခေါ်ယူမှုအဖြစ် ဗီနီရှပ်စ်ဂျူနီယာအား ခေါ်ယူရေး ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပါတယ်။
ဘရာဇီးစူပါစတားရဲ့ အေဂျင်စီအဖြစ် ဆောင်ရွက်နေတဲ့ Jay-Z ရဲ့ Roc Nation ဟာ ကလပ်တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတဘ်။
အာဆင်နယ်ဟာ ဗီနီရှပ်စ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီဖြစ်ရာ Roc Nation အနေဖြင့် ရီးရဲလ်မက်ဒရစ်နှင့် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်လာရပါမယ်။
တဖက်တွင် ရီးရဲလ်မက်ဒရစ်နည်းပြဂျိုဆေးမော်ရင်ဟိုဟာ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ပေမဲ့လည်း ဗီနီရှပ်စ်ကို အသင်းတွင် ဆက်ထိန်းထားရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
တဖက်တွင် ရီးရဲလ်မက်ဒရစ်ဟာ ရက်ဘူးလ်လိုက်ဇစ်မှ အိုင်ဗရီကို့စ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ပေါင်သန်း ၁၀၀ ဝန်းကျင်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်က ယန်ဒေယိုမန်ဒီမှာ ဗီနီရှပ်စ်ရဲ့နေရာတွင် အစားထိုးလာမှာ မဟုတ်ကြောင်း ဆိုထားပါတယ်။
ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာကစားသမားအများစုတို့ဟာ ကလပ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးနေစဉ်အတွင်း လိုချင်တဲ့ လုပ်ခနှင့် တောင်းဆိုမှု ရရှိရေး ပရီးမီးယားလိဂ်ကလပ်များနှင့် ဆွေးနွေးကာ ကလပ်ကို ခြိမ်းခြောက်မှု ပြုလုပ်လာလေ့ ရှိပါတယ်။
ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်တွင်ပင် ကစားသမားဘဝတစ်ခုလုံး ကုန်ဆုံးလိုကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးရာ ယခုကဲ့သို့ အာဆင်နယ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူမှုကလည်း ရီးရဲလ်မက်ဒရစ်ထံမှ စာချုပ်သစ်အတွက် တောင်းဆိုတဲ့ လုပ်ခ ရရှိရေး လုပ်ဆောင်လာခြင်းဖြစ်တယ်လို့ သုံးသပ်မှုများလည်း ရှိနေပါတယ်။