အေစီမီလန်နှင့် အီတလီဂန္ထဝင်ကစားသမား ဘာရီဆီ အသက် ၆၆ နှစ်အရွယ်တွင် ကွန်လွန်
==================

ဖရန်ကိုဘာရီဆီဟာ အသက် ၆၆ နှစ်အရွယ်မှာပဲ ကွယ်လွန်ရှာလာပါတယ်။
ဘာရီဆီဟာ ၁၉၇၇ ခုနှစ်မှ ကစားသမားဘဝအဆုံးသတ်တဲ့ ၁၉၉၇ ခုနှစ်အထိ နှစ်ပေါင်း ၂၀ တိုင်တိုင် အေစီမီလန်တွင် ကစားခဲ့ကာ စီးရီးအေဖလား ၆ ကြိမ်၊ ဥရောပ/ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။
သမိုင်းတွင် အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘာရီဆီဟာ အေစီမီလန်အား အသင်းခေါင်းဆောင်အဖြစ် ၁၅ ရာသီ ဦးဆောင်ခဲ့ကာ ၇၁၉ ပွဲကစားပြီး ၃၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။
သူဟာ အီတလီအသင်းအတွက် ၈၁ ပွဲကစားပေးခဲ့ကာ ၁၉၈၂ ကမ္ဘာဖ့လားဆွတ်ခူးခဲ့သလို ၁၉၉၄ ကမ္ဘာဖလာ့းဗိုလ်လုပွဲရောက် အီတလီအသင်းကိုလည်း အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၀ ခုနှစ်တွင် အေစီမီလန်ရဲ့ဂုဏ်ထူးဆောင်ဒုဥက္ကဌဖြစ်လာခဲ့ပြီး လေးနှစ်အကြာတွင် သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၆ ကို ကလပ်က ရာသက်ပန်အနားပေးခဲ့ပါတယ်။
သူဟာ ပေါ်လိုမာလ်ဒီနီ၊ ကော်စတာကာတာ၊ မူရိုတက်စ်ဆော့တီတို့နှင့်အတူ ဥရောပရဲ့ခံစစ်အကောင်းဆုံးအသင်းရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ကာ စူပါကိုပါအီတာလီယာဖလား ၄ ကြိမ်၊ ဥရောပစူပါဖလား ၂ ကြိမ်၊ အင်တာကွန်တိန်နင်တယ်ဖလား ၂ ကြိမ်လည်း ရရှိခဲ့ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းက အဆုတ်အကြိတ်ကို ခွဲစိတ်ဖယ်ရှားခဲ့ရပြီး နောက်ဆုံးအကြိမ် လူကြားထဲသို့ ထွက်ခဲ့တာ ဖေဖော်ဝါရီလတုန်းက ဆန်စီရိုတွင် ကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်အဖွင့်ပွဲမှာ ဖြစ်ပါတယ်။

image