စပါးစ်သို့ ပြောင်းရေး ဆုံးဖြတ်ရန် ၁၀ မိနစ်သာ အချိန်ယူခဲ့ရတဲ့ တိုနာလီ
====================
စပါးစ်ရဲ့ကလပ်စံချိန်တင် ပေါင်သန်း ၁၀၀ တန်ကစားသမားဆန်ဒရိုတိုနာလီက နေအိမ်တွင် ရောဘတ်တိုဒီဇာဘီနှင့် တွေ့ဆုံစကားပြောပြီးနောက် နယူးကာဆယ်မှ စပါးစ်သို့ ပြောင်းရွှေ့ရေး ၁၀ မိနစ်တည်းသာ အချိန်ယူဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ဆန်ဒရိုတိုနာလီနှင့် ဒီဇာဘီတို့ဟာ ဘရက်စီယာတွင် ကစားခဲ့ဖူးတာ ဖြစ်ပြီး ယင်းကလပ်အား ချစ်မြတ်နိုးမှုက ယခုအပြောင်းအရွှေ့ ဖြစ်လာရာတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
ရောဘတ်တိုဒီဇာဘီမှာ ဘရက်စီယာပရိသတ်တစ်ဦးဖြစ်သလို ယင်းကလပ်တွင်လည်း ကစားခဲ့ဖူးပါတယ်။ ဆန်ဒရိုတိုနာလီမှာလည်း ဘရက်စီယာတွင် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပါတယ်။
ယင်းသို့ ၎င်းတို့အကြား ဘရက်စီယာနှင့်ပတ်သက်ပြီး ဆက်နွယ်နေမှုက တိုနာလီရဲ့ စပါးစ်သို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရေး တွန်းအားတစ်ခု ဖြစ်လာစေနေပါတယ်။
တိုနာလီက "ဘရက်စီယာနဲ့ပတ်သက်ပြီး ပြောဖြစ်ကြတယ်။ ကျွန်တော်တို့ကလပ် ကြုံတွေ့နေတဲ့ အခက်အခဲနဲ့ပတ်သက်ပြီးတော့ပေါ့"လို့ ပြောကြားသွားပါတယ်။
ဘရက်စီယာဟာ ဒေဝါလီခံရပြီးနောက် စီးရီးစီသို့ တန်းဆင်းထားရပါတယ်။
ဒီဇာဘီဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပါးစ်ကို ကိုင်တွယ်စဉ်အတွင်း ခင်မင်ရင်းနှီးထားတဲ့ တိုနာလီအား စပါးစ်သို့ ပြောင်းရန် စိတ်ဝင်စားသလားလို့ မေးမြန်းလာချိန်တွင် သူကလည်း "တံခါးဖွင့်ပေးထားတယ်"လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီဇာဘီဟာ ရာသီသိမ်းပွဲတွင် အဲဗာတန်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်နိုင်ခဲ့ပြီးနောက် တိုနာလီအား ချက်ချင်းပင် ဆက်သွယ်ခဲ့ပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ ၁၀ မိနစ်အတွင်းတွင်ပင် အီတလီကွင်းလယ်ကစားသမားထံမှ ဖုန်းခေါ်ဆိုမှု ရရှိခဲ့ပါတယ်။
ယင်းနောက် တိုနာလီရဲ့အိမ်တွင် တွေ့ဆုံခဲ့ကြရာတွင် ဆွေးနွေးမှု တိုးတက်မှုများ ရှိလာခဲ့ပါတယ်။
တိုနာလီက "ဘရက်စီယာက သေးငယ်တယ်။ အဲဒီမှာ နှစ်ပတ်လောက် သွားနေခဲ့သေးတယ်။ ပြီးရင် သူနဲ့ နှစ်ကြိမ် သုံးကြိမ် တွေ့တယ်"လို့ ပြောကြားသွားပါတယ်။
ဒီဇာဘီဟာ လွန်ခဲ့တဲ့ ကိုးနှစ်တုန်းက ဆက်စ်ဆူလိုအား ကိုင်တွယ်စဉ်တုန်းကလည်း တိုနာလီကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။
ဆက်လက်ပြီး တိုနာလီက "အခြားတစ်သင်းနဲ့လည်း စကားပြောခဲ့တယ်ဆိုတာ အရိုးသားဆုံး ဝန်ခံပါတယ်။ အသင်းနဲ့ စကားပြောတဲ့အခါ ပထမဆုံးအထင်ကြီးမှုက အရေးပါပါတယ်။ ကျွန်တော့်အထင်ကြီးမှုကလည်း အရမ်းအပြုသဘောဆောင်ခဲ့တယ်။ ၁၀ မိနစ်လောက် စကားပြောပြီး ဝမ်းသာကျေနပ်လာချိန်မှာ အရာအားလုံးက ပြီးပြည့်စုံသွားတယ်။ ပထမဆုံးလုပ်တာက ဇနီးသည်စကားပြောတာ။ ကျွန်တော့်တို့ဘဝ ပြောင်းလိုတယ်။ မြို့ပဲ ပြောင်းရုံ မဟုတ်ဘူး။ အရာအားလုံးကို ပြောင်းချင်တယ်။ ကလပ်နှစ်ခုနဲ့ စကားပြောခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
တိုနာလီဟာ အီတလီသို့ ပြောင်းလိုခဲ့ပေမဲ့လည်း ပြောင်းရွှေ့ကြေးအပြင် သူ့လုပ်ခကလည်း အီတလီကလပ်များအတွက် ပြဿနာရှိနေမှုနှင့်အတူ အင်္ဂလန်တွင်ပင် ဆက်လက် ကစားရန် ဆုံးဖြတ်လာတာပါ။