ပဲလေ့စ်နောက်ခံလူလာခရွိုက်စ်ကို ပေါင် ၅၂ သန်းဖြင့် ချဲလ်ဆီး ခေါ်ယူလာ
==================

ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့စ်မှ ပြင်သစ်နောက်ခံလူမာဆင့်လာခရွိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းဖြင့် ခေါ်ယူလာပါတယ်။
ပြင်သစ်အသင်းအတွက် ၇ ပွဲကစားထားတဲ့ အသက် ၂၆ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ချဲလ်ဆီးသို့ ၂၀၃၂ ခုနှစ်အထိ စာချုပ်ဖြင့် ပြောင်းရွှေ့လာတာလည်း ဖြစ်ပါတယ်။
ပြင်သစ်နောက်ခံလူဟာ ၂၀၂၄ ခုနှစ်တွင် ဝုဖ်ဘတ်မှ ပဲလေ့စ်သို့ ပေါင် ၁၅.၅သန်းဖြင့် ပြောင်းလာသူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အိုလီဗာဂလပ်စ်နာလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။
လာခရွိုက်စ်ဟာ ပဲလေ့စ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၅၅ ပွဲကစား ကလပ်သမိုင်းတွင် ပထမဆုံးဥရောပဖလားအဖြစ် ကွန်ဖရင့်လိဂ်ဖလားရရှိအောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အတွက် ၃ ပွဲပါဝင်ကစားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် မော်ဂန်ရော်ဂျာနှင့် မာကိုပါလက်စထရာတို့အား ခေါ်ယူပြီးနောက် တတိယမြောက်ခေါ်ယူမှုအဖြစ် လာခရွိုက်စ်အား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ခေါ်ယူထားတဲ့ တောင်ပံကစားသမားကွင်ဒါနှင့် တိုက်စစ်မှူးအီမီဂါတို့အား ၂၀၂၅ ခုနှစ်ကတည်းက ခေါ်ယူရန် သဘောတူညီမှု ရယူထားခဲ့တာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဘရိုက်တန်တိုက်စစ်မှူးဒန်နီဝဲလ်ဘက်နှင့် ဘရန့်ဖို့ဒ်ကွင်းလယ်ကစားသမားဂျော်ဒန်ဟင်ဒါဆင်တို့အား ခေါ်ယူရေးအတွက်လည်း ဆက်လက်လုပ်ဆောင်နေပါတယ်။

image