စပါယ်ရှယ်သမိုင်းကြောင်း ပါဝင်နေတဲ့ ဆန်းဒါးလန်းအိမ်ကွင်းဝတ်စုံသစ်ကို ဝယ်ယူရေး နံနက် ၆ နာရီကတည်းက ပရိသတ်များ တန်းစီ ဝယ်ယူခဲ့ကြ
====================

ဆန်းဒါးလန်းဟာ ပရီးမီးယားလိဂ်ရာသီသစ် မစတင်မီမှာပဲ ရာသီသစ်ရဲ့အကောင်းဆုံးအိမ်ကွင်းဝတ်စုံဆုကို စောစောစီးစီး ရယူလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဆန်းဒါးလန်းဟာ ဗုဒ္ဓဟူးနေ့တုန်းက ၁၉၃၇ ခုနှစ် အက်ဖ်အေဖလားချန်ပီယံ ဆန်းဒါးလန်းအသင်းကို ဂုဏ်ပြုထားမှု ထည့်သွင်းထားတဲ့ စပွန်ဆာမပါဝင်တဲ့ အင်္ကျီသစ်အား ကြေညာခဲ့ပါတယ်။
ဆန်းဒါးလန်းရဲ့ အထူးစပါယ်ရှယ်အိမ်ကွင်းဝတ်စုံအား ဝယ်ယူရေး ပရိသတ်များဟာ နံနက် ၆ နာရီကတည်းက အလင်းရောင်ကွင်းအပြင်ဘက်တွင် တန်းစီ စောင့်ဆိုင်းနေကြမှုနှင့်အတူ ရေပန်းစားနေပါတယ်။
ဝတ်စုံသစ်တွင် ကလပ်ရဲ့နာမည်ကျော် အနီရောင်နှင့် အဖြူရောင်အစင်းလိုင်း သုံးထားပြီး ရှေးခေတ်စတိုင် ကော်လံထည့်သွင်းထားပါတယ်။
ယင်းဝတ်စုံသစ်ရဲ့ လည်ပင်းနောက်ဘက်တွင် ၁၉၃၇ ခုနှစ်တုန်းက ဝင်ဘာလေကွင်းတွင် အက်ဖ်အေဖလားဆွတ်ခူးခဲ့တဲ့ ဆန်းဒါးလန်းအသင်းပွဲထွက်လူစာရင်းကို ထည့်သွင်းထားပါတယ်။
ဆန်းဒါးလန်းဟာ ဝင်ဘာလေကွင်းတွင် ပရိသတ် ၉၃၀၀၀ ရှေ့မှောက်မှာ ဘော်ဘီဂါနေး၊ ရစ်ချ်ကာတာ၊ အက်ဒီဘာဘင့်ခ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပရက်စတန်ကို အနိုင်ယူကာ အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တာပါ။
အမေရိကန်တွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းနေတဲ့ ဆန်းဒါးလန်းဟာ ဩဂုတ်လ ၂၂ ရက်နေ့ စနေနေ့တွင် ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် အစ္စဝှစ်ချ်နှင့် ရင်ဆိုင်ကစားရပါမယ်။

image