ပီအက်စ်ဂျီရဲ့ဘာကိုလာအား ခေါ်ယူရေး ကမ်းလှမ်းမှု ပြုလုပ်ရန် လီဗာပူး ပြင်ဆင်
=====================
လီဗာပူးဟာ ပီအက်စ်ဂျီရဲ့ ဘရက်ဒလေဘာကိုလာအား ခေါ်ယူရေး အဖွင့်ကမ်းလှမ်းမှု ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ထွက်ခွာသွားတဲ့ မိုဟာမက်ဆာလက်နေရာတွင် အစားထိုးရန် အသက် ၂၃ နှစ်ရှိ ဘရက်ဒလေဘာကိုလာအား အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
ပီအက်စ်ဂျီက ပြင်သစ်တောင်ပံကစားသမားအား ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းဝန်းကျင်သတ်မှတ်ထားတာ ဖြစ်ပြီး လီဗာပူးအနေဖြင့် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုလာရပါမယ်။
ဒါပေမဲ့ လီဗာပူးက ဘာကိုလာအား ပေါင်သန်း ၁၀၀ ဝန်းကျင်ဖြင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာရန် မျှော်လင့်နေပါတယ်။
ဘာကိုလာဟာ ပီအက်စ်ဂျီနှင့် ၂ နှစ်စာချုပ်သက်တမ်းကျန်နေသေးသူ ဖြစ်ပြီး ကလပ်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချထားကာ လီဗာပူးသို့ ပြောင်းရန် စိတ်အားထက်နေသူ ဖြစ်ပါတယ်။
လီဗာပူးဟာ အစောပိုင်းတုန်းက လိုက်ဇစ်မှ အိုင်ဗရီကို့စ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ခေါ်ယူရေး စိတ်ဝင်စားခဲ့ပေမဲ့ ကစားသမားမှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလာတော့မှာ ဖြစ်ပါတယ်။