ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ဒီကနေ့ ဩဂုတ် ၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာလာရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude တို့တွေ့ဆုံခဲ့ကြောင်းကို ဓာတ်ပုံတွေနဲ့တကွ အစိုးရက ဒီနေ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး မည်သည့်ကိစ္စများ ဆွေးနွေးခဲ့တာကိုတော့ အစိုးရဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသလို ICRC ဘက်ကလည်း ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး ။
ဓာတ်ပုံမှတ်တမ်းတွေအရ ပြီးခဲတဲ့ ဇွန် ၂၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ကိတ်ခွဲစေတဲ့ ပုံလည်း ပါဝင်တာ တွေ့ရပါတယ်။
ဧပြီ ၃၀ ရက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်နေအိမ်ကို ပြောင်းရွှေ့ထားကြောင်း အစိုးရဘက်ကကြေငြာပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေတဲ့ဓာတ်ပုံကို ထုတ်ပြန်အသိပေးမှုရှိခဲ့ပါတယ်။